Receptionist, M&E, Bell Boy & Security for Magway

 


မကွေးမြို့ ၊ တောင်တွင်းလမ်းပေါ်ရှိ ပုလဲရွှေရည် ဟိုတယ်တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများ လိုအပ်ပါသည်။

(1) Receptionist - Male/Female (1) Post

- လုပ်ငန်း အတွေ့ကြုံရှိသူ ဦးစားပေးမည်။

(2) M&E - Male (1) Post

- သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အား ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရမည်။

- ဟိုတယ်တွင်နေထိုင်ပြီး အမြဲ လုပ်ကိုင်နိုင်သူ ဦးစားပေးမည်။

(3) Bell Boy - Male (1) Post

- လုပ်ငန်း အတွေ့ကြုံ ရှိသူ ဦးစားပေးမည်။

(4) Security - Male (1) Post

- လုပ်ငန်း အတွေ့ကြုံ ရှိသူ ဦးစားပေးမည်။

>>>>>>>>>>>>>>>>>>>>>>>>>>

လူကိုယ်တိုင် CV form နှင့် လာရောက်လျှောက်ထားနိုင်ပါသည်။ 

25ရက်နေ့ တွင် Interviewရှိပါသဖြင့် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

Email - palaeshweyeehotel@gmail.com <သို့မဟုတ်>  Online Form ဖြင့်လည်းအမြန်လျှောက်တင်နိုင်ပါသည်။

(Online မှ အလုပ်လျှောက်ရန်)

Apply


အသေးစိတ် သိရှိလိုပါက ဆက်သွယ်

ရန်ဖုန်း - 09  952006 333 ,  09  953006 333 ,  09  954006 333 ,  09  96 4006 333

--------------------<End>------------------------

Online မှာ အလုပ်လျှောက်တဲ့အခါ ဘယ်လိုဖြည့်ကြမလဲ

“online မှာ အလုပ်လျှောက်တဲ့အခါ CV ဘယ်လိုဖြည့်ကြမလဲ" ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ -

  • မိမိ ရဲ့ CV ကို အထင်ကြီးစေဖို့ ဘယ်လိုဖန်တီးမလဲ။
  • ကိုယ့်အရည်အချင်းကို ဘယ်လိုသတ်မှတ်သင့်သလဲ။
  • သက်သေအထောက်အထား စုံလင်အောင် ဘယ်လို တင်ပြမလဲ။
  • ရည်ညွှန်းစာ (Cover Letter) နှင့်အတူ တွဲလျှောက်ပါ။
  • ဆက်သွယ်ရန်လိပ်စာ အမှန်ပေးပါ။  စတဲ့ အချက်တွေပါဝင်ပါတယ်။
CV တစ်စောင်ဖြည့်တဲ့အခါမှာ ကိုယ့်ရဲ့ CV ကို ကြည့်လိုက်တာနဲ့ အထင်ကြီးအောင် ဖန်တီးရပါမယ်။ Online ကနေ ဆက်သွယ် လျှောက်ထားတော့မယ်ဆိုရင် မိမိကိုယ်ကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်တင်ပြရပါမယ်။  ဘာလို့လဲ့ဆိုတော့ website တွေကနေ CV တင်တာပဲဖြစ်ဖြစ်၊ အလုပ်လျှောက်တာပဲဖြစ်ဖြစ် အဲ့ဒါတွေက က်ိုယ့်ကို မမြင်တွေ့နိုင်ပဲ ကိုယ့်ကိုယ်စား ဖြစ်တဲ့ CV ကို ကြည့်ပြီး ပထမဆုံး ထင်မြင်ချက်ကို ရယူရမှာဖြစ်လို့ပါ။ ကိုယ်က ကောင်းကောင်းပြင်ဆင်ထားရင် ကိုယ့်အပေါ်ကို မမြင်ခင်ကတည်းက အထင်ကြီးလေးစားမှုတွေ ရလာမှာပါ။

 ကျန်တဲ့ အချက်တွေကို ဆက်ပြီးရှင်းပြပေးပါ့မယ်။ ဒါကတော့ "ကိုယ့်အရည်အချင်းကို ဘယ်လိုသတ်မှတ်သင့်သလဲ" ပေါ့။ အလုပ်လျှောက်သူအများစုက ကိုယ့်အရည်အချင်းကို သတ်မှတ်တဲ့ နေရာမှာ ကိုယ်သင်ကြားခဲ့ရတဲ့ ကျောင်းပညာရေး (formal education) အပေါ်မူတည်ပြီး သတ်မှတ်လေ့ရှိကြပါတယ်။ ဒီသတ်မှတ်ချက်က ကျွန်တော်တို့ နိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်ရင် လွဲမှားတဲ့ အယူအဆ (wrong concept) တစ်ခုဖြစ်လာနိုင်ပါတယ်။ ပြီတော့ကိုယ်က သိထားသင့်တာက ကိုယ့်အရည်အချင်းဆိုတာ ကျောင်းပညာရေးအပြင်၊ ကျောင်းပြင်ပကနေရတဲ့ အတတ်ပညာ၊ အသိပညာတွေပါ ထည့်သွင်းဖော်ပြဖို့ လိုအပ်တယ်ဆိုတာပါ။

ဒီလိုဖော်ပြတဲ့နေရာမှာ ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ အတတ်ပညာတွေ၊ အသိပညာတွေအပြင် ကိုယ်သွားဖူးတဲ့နေရာ၊ တက်ခဲ့တဲ့ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ စတာတွေပါ ဖော်ပြရပါမယ်။
ဒါဆိုရင်တော့ CV မှာ ကိုယ့်အရည်အချင်းကို သတ်မှတ်ဖော်ပြတဲ့အခါ ကျောင်းပညာရေးအပြင် ဘာတွေကို ထပ်ပေါင်းထည့်ပြီး ဖော်ပြရမလဲဆိုတာ သိလောက်ပါပြီ။

နောက်တစ်ချက်ကတော့ သက်သေအထောက်အထား စုံလင်စွာ တင်ပြနိုင်ဖို့ပါ။ သက်သေ အထောက်အထားလို့ ဆိုတဲ့နေရာမှာ ကိုယ် CV မှာဖြည့်စွက်ထားတဲ့  အကြောင်းအရာတွေ မှန်ကန်မှု ရှိတယ်ဆိုတာကို ပြနိုင်တဲ့ Certificate တွေအပြင် အကျင့်စာရိတ္တထောက်ခံစာ နဲ့ ယခင်အလုပ်တွေက ပေးတဲ့ ထောက်ခံစာ (recomendation letter) တွေကလည်း အရေးကြီးပါတယ်။ လူကို မတွေ့ရပဲ Online ကနေလျှောက်တဲ့သူတွေအတွက် ပိုအရေးကြီးပါတယ်။

နောက်တစ်ခုက ရည်ညွှန်းစာ (Cover Letter) နှင့်အတူ တွဲလျှောက် ဖို့ပါ။ ဘယ်လို ရာထူးကိုပဲလျှောက်လျှောက် အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင် လျှောက်တဲ့လူက လျှောက်လွှာတစ်စောင်ကို ရေးဖို့လိုအပ်ပါတယ်။ အဲ့ဒီစာထဲမှာ ကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့  အကြောင်း၊ ဒီစာကိုဘာကြောင့်ရေးရသလဲဆိုတဲ့ အကြောင်းတွေကို ထည့်သွင်းရေးသားရပါမယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ သို့မဟုတ် စွမ်းရည်တစ်ချို့ကို ဖော်ပြပြီး ကိုယ်က လုပ်ငန်းရှင်နှင့် personally  တွေ့ဖို့ အခွင့်အလမ်းကို တောင်းဆိုတဲ့ အချက်တွေကို ဖော်ပြရမှာဖြစ်ပါသည်။ တစ်ချို့က Cover Letter ကို ပြီးစလွယ် ရေးတတ်တယ်။ တစ်ချို့ကြတော့ ရေးရကောင်းမှန်းတောင် မသိဘူး။ အမှန်တကယ်တော့ ဒီရည်ညွှန်းစာ (Cover Letter) က ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ခံယူချက်ပါပဲ။ အလုပ်ခန့်မယ့်သူက အလုပ်လျှောက်သူတွေရဲ့ သူတို့အလုပ်အပေါ်ထားတဲ့ သဘောထားကို သိချင်တဲ့အခါ ဒီ Cover Letter ကို အရင်ကြည့်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Cover Letter ကို အကောင်းဆုံး ပြင်ဆင်ထားရပါမယ်။

ဒီတစ်ခုက ပိုအရေးကြီးပါတယ်။ ဒါကတော့ CV မှာ လိပ်စာအမှန်ထည့်ဖို့အရမ်းကို အရေးကြီးပါတယ်။ အခုဆို တွေ့နေရတာက CV တင်တယ်။ ဖုန်းနံပါတ်အမှားတွေဖြည့်ထားတယ်။ နာမည်၊ဖုန်းနံပါတ်တို့၊ အီးမေလ်းတို့၊ လိပ်စာတို့ဆိုတာ အရမ်းကိုအရေးကြီးတဲ့အတွက် မိမိရဲ့ career အတွက် မှန်ကန်တိကျတဲ့ contact ကိုလည်း ဖြည့်ပေးရပါမယ်။

 အခု ကျွန်တော်ရှင်းပြခဲ့တာတွေက “online မှာ အလုပ်လျှောက်တဲ့အခါ CV ဘယ်လိုဖြည့်ကြမလဲ" ဆိုတဲ့ အချက်တွေပါ။ အခုဒီအချက်တွေကို မှတ်သာထားပြီး Online မှတဆင့် အလုပ်အကိုင်များကို  ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

<In English>

Under the heading "How to fill out a CV when applying for a job online":

  • How To Make Your CV Impressive
  • How should you define your abilities?
  • How to present complete evidence?
  • Follow along with the cover letter.
  • Please provide a valid contact address, and so on.

When filling out a CV, you need to make an impression when you look at your CV. If you want to apply online, you have to prepare yourself to be the best. Because whether you post your CV on websites or not. Whether you are applying for a job or not, you have to look at your resume and get the first impression. If you prepare well, you will gain a lot of respect before you even see yourself.

 Let me explain the rest. This is "how do you define your skills?" Most job seekers define their qualifications based on the formal education they have been taught. This may be a wrong concept compared to the situation in our country. And you should know that your skills are not just about schooling. Skills acquired outside of school Knowledge needs to be included.

What experiences have you had in this regard? Knowledge Skills In addition to knowledge, where have you been? Attended training Workshops must be mentioned.

Now you know what to look for in a resume when it comes to identifying your qualifications.

Another is to be able to present complete evidence. In addition to certificates that prove that the information you have added to your CV is correct, a letter of recommendation and a letter of recommendation from a previous job is also important. This is especially important for those who apply online without seeing the person.

The next step is to apply with a cover letter. If you are applying for a job in any position, you need to write an application. The letter was about self-introduction; You must include a reason for writing this letter. You need to state some of your experience or skills and ask for the opportunity to meet the entrepreneur in person. Some people can easily write a cover letter. Some do not even know how to write. In fact, this cover letter is all about your skills and beliefs. This cover letter is usually used to find out what the job seeker is thinking about the job. Therefore, you need to prepare your cover letter well.

This one is more important. It is very important that you include the correct address in your CV. What you see now is a CV. The wrong phone number was entered. Name, phone number Email Address is very important and you need to fill in the correct contact for your career.

Post a Comment

Previous Post Next Post